27 Aug 2013

ရဲသော်မသေ သေသော်ငရဲမလား

ကုသိုလ်ကောင်းမှုပြုရာ၌ မှန်ရာကို ရဲရင့်စွာပြုရာ၏။ ရဲသော်မသေ သေသော်ငရဲမလားပေ။ ဘုရားက ထောက်ခံလျှင် လှေခွက်ချည်းကျန် အလံမလှဲနှင့်။ ရဲရဲရင့်ရင့် သတ္တိရှိရှိဖြင့်သာ ဆောင်ရွက်ရာ၏။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးအချို့ တို့သည် ဥစ္စာဓနကိုမက်၊ တဏှာဖြင့် ရောယှက်၍ မောဟဖြင့်ဖက်ကာ မူဆလင်သူဌေးကတော်ဖြစ်ချင်လှ၍ လောက၏ထွတ်ခေါင် ကျေးဇူးတော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကိုပင် ပြောင်ပြောင်တင်းတင်းပြစ်မှားမိကြကုန်၏။ သေတစ်ပန်ဆင်းရဲမက သံသရာဝဲသြဃမှာ နစ်မျောရရှာတော့မည်။ အူမ,မတောင့်ကြလို့ သီလတွေမစောင့်ကြပါလျှင် အချိန်တိုင်း လိုအပ်နေတဲ့ ဒုက္ခဘုံမှာ ဘယ်အချိန် သီလစောင့်ကြတော့အံ့နည်း။ ထောက်ချင့်လို့ တွေးကြပါကုန်၊ သေရက်တွေနီးလျက်သာ အပြစ်တွေ တောင်လိုပုံနေပေသည်။

အပြည့်အစုံသို့

11 Dec 2012

သတိ နှင့် ပညာ

သတိတရားသည် တည့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့ အရေးကြီးသော သော့ဖြစ်၏။ မည်မျှ ကွေ့ကောက်ပိတ်ပင်ထားသော မောဟအမှောင်ထု ကိလေသာမုန်တိုင်းကြီးတွင်း ရောက်နေပါစေ  သတိဖြင့် စူးစိုက်ကြည့်ရှု၍ ပညာလက်နက်ဖြင့် ဖြိုခွင်းလိုက်ပါက အမှောင်ထု၏နောက်ကွယ်မှ အလင်းဓာတ်ကို မြင်ရမည်ဖြစ်ပေသည်။ ထို သတိ ပညာ နှစ်ပါးသည် ဒွန်တွဲပြီးနေရမည့်တရားများဖြစ်၏။ သတိက စူးစူးစိုက်စိုက် ကြည့်ရှုတတ်ပြီး ပညာက အပိုင်းပိုင်း ခွဲခြားတတ်သောကြောင့် သာမာန်အားဖြင့် မမြင်နိုင်သည့် မသေသဘော အမတဓာတ်ကိုပင် မြင်နိုင်လေသည်။

အပြည့်အစုံသို့

1 Dec 2012

ခက်ခြင်းနှင့်လွယ်ခြင်း

ခက်ခြင်းသည် တရားလေးပါးပျောက်နေခြင်းကြောင့် ဘာလုပ်လုပ်ခက်နေခြင်းဖြစ်၏။ တရားလေးပါးရှိပါက ဘာမဆိုလွယ်သွားတော့သည်။ ထို တရားလေးပါးမှာ- လုပ်ချင်သည့် စိတ်ဆန္ဒ၊ လုပ်တတ်သည့် ပညာ၊ အားထုတ်နေကျဖြစ်သော ၀ီရိယတရားတို့ဖြစ်၏။ ၎င်း စိတ်၊ ဆန္ဒ၊ ၀ီရိယ၊ ပညာဆိုသည့် အဓိပတိတရားလေးပါးသာ ထည့်လုပ်၊ ဘာလုပ်လုပ် လွယ်ကူပြီး အောင်မြင်မှာ သေချာပေသည်။

အပြည့်အစုံသို့

15 Jun 2010

အသိနှင့်အကျင့်

အကျင့်မပါသော အသိတရားများက မိမိကိုယ်ကို ဖျက်ဆီးဖို့သာ ဖြစ်နေတတ်၏။


အသိကို လိုက်မကျင့်လျှင် နောက်ဆုံး၌ သိသလိုလို မသိသလိုလိုနှင့် မသိသည်သာလျှင် ဖြစ်သွားတတ်သောကြောင့် အသိနှင့်အကျင့် ထပ်တူကျစေရန် ၀ိဇ္ဇာစရဏ သမ္ပန္နော- အသိရော အကျင့်ပါ ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဲ့သို့ ကျင့်ကြံပွါးများအားထုတ်ကြရာ၏။

အပြည့်အစုံသို့

14 Sept 2009

ရန်ကိုရန်ချင်း မတုန့်ညှင်းနှင့်၊ မေတ္တာဖြင့်သာ အောင်မြင်ရာ၏...

ရန်ဟူရာ၌ သူတစ်ပါးမှ မိမိအားကျေနပ်မှုမရှိအောင် ပြုလုပ်ခံရခြင်း၊ လက်တုန့်ပြန်ချင်စိတ် ပေါက်အောင် မိမိ၏ဒေါသစိတ်တို့ကို နှိုးဆွပေးခြင်း၊ လိုချင်တာမရလို့ မကျေမနပ်ဖြစ်ရခြင်း စသည့် လောကဓံတရားများပင်ဖြစ်ပေသည်။


ထိုလောကဓံတရားများနှင့် ရင်ဆိုင်ရတိုင်း လောကဒဏ်ရာ ကိုယ်သာနာ၊ စိတ်မှာမနာနှင့် ဆိုသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း ဓမ္မကိုနှလုံးသွင်းခြင်းဖြင့် ရင်ဆိုင်ရာ၏။ တစ်နည်းအားဖြင့် ပြောရလျှင် အကုသိုလ်တရားများနှင့် ရင်ဆိုင်ရသည့်အခါ ဒေါသမဖြစ်လိုက်ပါနှင့်။ ၀မ်းမြောက်လိုက်ပါ။ ငါ့၌ အကုသိုလ်အကျိုးပေး အကြွေးများကျေပြီ ဟူ၍ ၀မ်းမြောက်ရာ၏။ သည်းခံခြင်းထက် ကြီးမားသောထုထည်သည်ကား လောက၌မရှိပေ။ မြတ်သောအကျင့်၊ ဂုဏ်ယူဝင့်အောင်၊ မလွင့်သတိ၊ မြဲစွာရှိစေ၊ မိမိကိုယ်သာ၊ အားကိုးရာ။

အပြည့်အစုံသို့

မြတ်သောအကျင့်တရား

သည်းခံခြင်းထက်လွန်သောတရားမည်သည် မရှိ။ သည်းခံခြင်းသည် မြတ်သောအကျင့် တရားဖြစ်ပေသည်။

သည်းခံခြင်းသည် နိဗ္ဗာန်ရောက်ကြောင်းတရား ပါရမီဖြည့်ကျင့်ရာ၌ အမိသည် သားသမီးတို့ကို အစဉ်သနားစောင့်ရှောက်သကဲ့သို့ တစ်ခြားသောပါရမီ (၉)ပါးတရားတို့အား မပျောက်ပျက်အောင် စောင့်ရှောက် ပေး၏။ ထိန်းပေးတတ်၏။ သည်းခံခြင်းတရား မရှိပါမူကား ကျန်သောပါရမီတရားများလည်း ပျက်စီး ပပျောက်တတ်ပေသည်။ ထို့ကြောင့် ခန္တီစ-သည်းခံခြင်းတရားကို အချိန်တိုင်း သတိကပ်၍ ဖြည့်ကျင့်ရာ၏။

အပြည့်အစုံသို့

10 Mar 2009

စိတ်ကောင်းနှင့်ယှဉ်

အများအကျိုးကို အစဉ်ဆောင်ရွက်နေသူတို့၌ စိတ်ကောင်းနှင့်ယှဉ်ပြီး လုပ်ဆောင်မှုကြောင့် မိမိ၏ ထိုထိုကောင်းမှုတရားတို့ကို မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာရော၊ လုပ်ပြီးသည့်အခါမှာရော ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။

အဖျက်တရားတို့နှင့်လည်း ကြုံတွေ့ရတတ်၏။ ထိုသို့ကြုံတွေ့ရသောအခါတွင် ကောင်းမွန်သောစိတ်အား မပျက်စီးစေရန် အရေးကြီးပေသည်။ စိတ်ကောင်းနှင့်သာ အမြဲယှဉ်ရာ၏။ အများအကျိုး၊ ရွက်သယ်ပိုးက၊ မဖဲ့စကောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင့်လော့။(ကျေးဇူးတော်ရှင် ရွှေဟင်းသာဆရာတော်ဘုရားကြီး)

အပြည့်အစုံသို့